မိုးပြာမှိုင်းရီ-





ဦးကိုးသွယ် သည် သူ့အိပ်ခန်းကြီးထဲ က ကုတင်ကြီး ပေါ်မှာ ခေါင်းအုံးတွေကို မှီရင်း ထိုင်နေသည် ..။ သူနာပြုဆရာမလေးတယောက် က သူ့ကုတင်ဘေးမှာ လိုတာ လုပ်ဖို့..သူ့ကို ဆေးတိုက်ဖို့ အဆင်သင့် ရှိနေသည် ..။   ကျန်းမာရေး နဲနဲ ပြန်ကောင်းလာသော ဦီးကိုးသွယ်သည် သူ ကြံစည်ခဲ့သော ဗုံးဖေါက်ခွဲရေး ကိစ္စကို သမီး န၀ရတ်ကို ဦးစီးကာ ပြန်လည် အကောင်အထည် ဖေါ်လေတော့သည် ...။ မြေအောက် အဖွဲ့က တာဝန်ခံ...“ နာဂစ်စ် ” က သူ့ကို ငွေတွေ မက်လောက်အောင် ပုံပေးပြီး လုပ်ခိုင်းတာ ...။

တချိန်က မြန်မာနိုင်ငံကို ၀င်ရောက် ဖျက်ဆီးခဲ့သော လေမုန်တိုင်းရဲ့ နံမည် နဲ့ ဒီလူကြီးသည် သူ့ကိုယ်သူ “ မြွေဆိုး ” ဆိုတဲ့ နံမည်ဝှက်နဲ့ ဦးကိုးသွယ်ကို ဆက်သွယ်ခဲ့တာ ဖြစ်သည် ။ နာဂစ်စ် သည် တခြားတိုင်းပြည်များမှာ အသေခံဗုံးခွဲသမားများနဲ့ ဖေါက်ခွဲမှုတွေ မြောက်များစွာ လုပ်ကိုင်ခဲ့ပြီးသူ လူယုတ်မာ တယောက် ဖြစ်သည် ..။ မြန်မာနိုင်ငံကိုတော့ သူ့တပည့် အသေခံတွေ သုံးစရာ မလိုဘဲ လောဘသမား ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကြီး ဦးကိုးသွယ် ကြောင့် အလုပ်ဖြစ်မှာမို့ အလွန်တရာမှ ကျေနပ်လျက်ရှိနေသည် ...။

ဦးကိုးသွယ်ကို ပထမ အရစ်အနေနဲ့ ဗုံးနဲ့ ယမ်းပျော့များ ၀ယ်ယူဖို့ ငွေတွေ ပေးလိုက်သည် ...။ လက်နက်ပွဲစားမ ကိုယ်တိုင် မြန်မာပြည်ထဲ ၀င်လာပြီး စကားပြောသည် ..။ ဒီလက်နက်ပွဲစားမကို ဗုံးတွေ ယမ်းတွေ ရတာ နဲ့ ရော့ပတ္တမြား..ရော့နဂါး ဆိုသလို ငွေတွေ ချေလိုက်သည် ..။ န၀ရတ် နဲ့ သူ့ရည်းစား ဇွဲအာကာတို့ လက်နက်ပွဲစားမ ကို ငွေတွေပေးချေပြီးပြီ ...။ မြို့တွေ အနှံ့ နာဂစ်စ် ဖြစ်စေချင်သလို ဗုံးတွေ ဖေါက်ခွဲပေးရုံဘဲ ...။

ဦးကိုးသွယ် အိမ်ကို ဒီဒီ့ကို န၀ရတ်က လွှတ်လိုက်သည် ..။ န၀ရတ်သည် ဖိုးစီ သေရတာအတွက် သူ့အသိုင်းအ၀ိုင်းက လက်စားလာချေနိုင်သည် လို့ စိတ်ပူမိတဲ့အတွက် ဒီဒီကို ဦးကိုးသွယ် ဆီကို လွှတ်လိုက်သည် ...။ ဒီဒီ ရောက်သွားသောအခါ ဦးကိုးသွယ်သည် သူနာပြု ဆရာမလေးကို အနားပေးတဲ့အနေနဲ့ အပြင်ထွက်ခိုင်းသည် ..။

“ သမီး..လေကောင်းလေသန့်လေးရအောင် ခြံထဲဆင်း လမ်းလျှောက်ပါလားကွယ် ...”

လို့ ပြောပြီး ထွက်ခိုင်းတာ ..။ ဦးကိုးသွယ်ရဲ့ သမီးအရွယ် ဇနီးသည်ေါ်ဆင့်ဆင့်ထိန် သည် သူ့မိဘတွေ နဲ့ အထက်မြန်မာပြည်ကို ရောက်နေသည် ..။ ဦးကိုးသွယ်က မကြာခင် ဗုံးတွေ ဖေါက်ခွဲတော့မည်မို့ အခု သွားစရာတွေကို သွားထားစေချင်သည် ..။ ဗုံးခွဲမည့် အချိန်တွင် သူနဲ့ သူ့မိသားစုတွေကို သူ့အိမ်မှာ စုရုံးခိုင်းမည် ဖြစ်သည် ..။ ဒါမှ သူ့မိသားစုတွေ ဘေးအန္တရာယ်ကနေ လွတ်မည် မဟုတ်လား ...။

ဒီဒီ့ကို သူ့ကုတင်ဘေးမှာ ထိုင်ခိုင်းသည် ..။ ဒီဒီ ကို လူခွေး ခေါ်လာကထဲက ဦးကိုးသွယ် သဘောကျမိသည် ..။ ဒါကြောင့်လည်း ဒီဒီကို “ ငှက်တေလေ ”မှာ အလုပ်ပေးခဲ့သည် ..။ ဒီဒီရဲ့ တပ်မက်စရာ ကိုယ်လုံး ..အထူးသဖြင့် လှပလွန်းသော တင်စိုင်များ...မက်မောစရာ မျက်နှာလေး..ကို သူ ကြည့်ကြည့်ပြီး မိဖုရားမြှောက်ချင်နေတာ ကြာပြီ ..။

“ ဒီဒီ ...”

“ ရှင် ...ဘော့စ် ...”

“ သမီး ချစ်သူတွေဘာတွေများ ရနေပြီလားဟင် ...”

“ ခိခိ..မရသေးပါဘူး..ဘော့စ် ....”

“ ဘဘ မေးမယ်နော်..အမှန်အတိုင်း ဖြေ ...”

“ ဟုတ်...ဘဘ ...”

“ သမီး ဒီဒီ ကို ငှက်တေလေ မှာ လုပ်နေတဲ့အချိန် ယောင်္ကျားတွေက မကြံစည်ကြဘူးလားဟင် ...”

“ ခိခိ ...ကြံတာပေါ့..ဘော့စ်ရယ် ..ဘယ်နေမလဲ ...”

“ လူခွေး ဆိုတဲ့ ကောင်ရော..သမီးကို ကြံစည်လား ...”

“ ဟင့်အင်း ..သူကတော့ မကြံစည်ပါဘူး ....”

“ အေး..ဘဘ က သေသေချာချာ မှာထားတာကွဲ့.. ဒီဒီ့ကို လက်ဖျားနဲ့တောင် မထိမတို့ဖို့...သိလား ....”

“ ဟုတ်..ဘဘ ..”

“ဒီတော့..ဒီဒီ..သမီး ...သမီး...ဒုက္ခတွေ ပင်လယ်ဝေပြီး လူခွေးကနေတဆင့် ဘဘ ဆီကို စရောက်လာတုံးက ဘဘမေးတော့ သမီး ဖြေခဲ့သလို သမီးက အပျိုစင် စစ်စစ်ကလေးဘဲ ရှိနေတုံးဘဲလားဟင် ...”

“ အို..ဘော့စ်ကလဲ ...”

ဒီဒီက ရှက်သွားသလို မျက်နှာလေး နီ လာရင်း ခေါင်းလေးငုံ့ကာသွားသည် ...။

“ ဖြေပါသမီးရယ် ...ဘဘ သိချင်လွန်းလို့ပါ ...”

“ အင်း...အရင်လိုပါဘဲ ဘော့စ် ...”

“ အထီးဆိုလို့ ယင်ဖိုတောင် မနားသေးဘူးပေါ့.. ဟုတ်လား ....”

“ ဟုတ် ...”

ဒီဒီရဲ့ ရှက်သလို မျက်နှာလေးကို ဦးကိုးသွယ် ကြည့်ရင်း ပဂျာမားဘောင်းဘီပွကြီးထဲက သူ့ဒုတ်ကြီး ထထောင်လာလေသည် ...။

“ ချစ်စရာ ကောင်းလိုက်တဲ့ ကလေးရယ် ....မိုင် ဘေဘီ .... လာ...လာ..ဒီအနားတိုး . ..”

ဒီဒီက သူ့စကားကို ဘယ်လို လွန်ဆန်မလဲ ...။

ိထိုအခိုက် ဖုန်းသံ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည် ...။ ခြံပေါက်ဝ က လုံခြုံရေး က ခေါ်တာ ..။ ဒီဒီ ဖုန်းကိုင်လိုက်သည် ..။ ဖုန်းကိုင်လိုက်တာနဲ့ ကုတင်ဘေး က မော်နီတာကြီးမှာ ခြံပေါက်ဝက လုံခြုံရေးတဲ ကို တွေ့လိုက်ရသည် ...။

“ ပြုံးပြုံးဟန် ..ရောက်နေပါတယ် ..ဆရာကြီး နဲ့ တွေ့ချင်လို့ပါ..တဲ့ ...လွှတ်လိုက်ရပါမလား...”

ဒီဒီက ဦးကိုးသွယ်ကို လှမ်းကြည့်လိုက်သည် ...။ ဦးကိုးသွယ် သည် ဖိုးစီ သေတာ သိလို့ သူ့ဆီ ပြုံးပြုံးဟန် လာမေးတာဘဲ ဖြစ်မည် လို့ သိလိုက်သည် ..။ ပြုံးပြုံးဟန်သည် သူ့သမီး ဆိုတာ သိရပြီးနောက် ပြုံးပြုံးဟန်ကို န၀ရတ်လိုဘဲ ငွေကြေးပစ္စည်းတွေ သူချီးမြှင့်ပေးကမ်းလိုနေသည် ..။ အခု သူ ရောက်လာတာ အတော်ဘဲ ...။ ဖိုးစီကို လူခွေး ပစ်သတ်လိုက်ရတာလဲ မတတ်သာလို့ဘဲ လေ ..။

ပြုံးပြုံးဟန်ကတော့ သူ့မောင်လေး ဆိုတော့ ကြေကွဲရှာမပေါ့ ...။

“ လွှတ်လိုက် ..”

ဒီဒီ က ခြံဝက လုံခြုံရေးကို အိမ်ပေါ်လွှတ်လိုက်ဖို့ ပြောသည် ..။ ဦးကိုးသွယ်လဲ ဒီဒီလေးကို ကိုင်ပြီလို့ တွက်ထားတာ ..။ ထွတ် ...။ ပြုံးပြုံးဟန် ....တော်တော် လဲ အလိုက်မသိတတ်တဲ့ သမီး ....။

ပြုံြးံပုံးဟန်ကတော့ သူ့ကို အဖေ လို့ မသိသေးဘူး ..။ သူ့အမေကလည်း မပြောပါနဲ့..လို့ တားလို့ ဦးကိုးသွယ် ခုထိ မပြောသေးဘူး ...။ သမီလေးကို တိုက်တွေ ခြံတွေ ကားတွေ ပေးရအုံးမည်...။

“ ဒီဒီ ...”

“ ရှင်..ဘော့စ် ...”

“ ပြုံးပြုံးဟန် လာရင် ..အပြင် ခဏထွက်ပေးနော် ... ဘဘ စကားပြောမလို့ ...”

“ ဟုတ်..ဘော့စ် ...”

ဒီဒီ ( သို့မဟုတ် ) မိုးပြာမှိုင်းရီ ဦးကိုးသွယ် အိပ်ခန်းထဲမှ အပြင်ခန်းကို ထွက်လိုက်သည် ..။ မကြာခင် အောက်ထပ်က တက်လာသော ပြုံးပြုံးဟန် ရောက်လာသည် ...။

“ အဘဦးကိုးသွယ် နဲ့ တွေ့ဖို့လာတာပါ..”

“ ဟုတ်ကဲ့ပါ ..ဘော့စ် အိပ်ခန်းထဲမှာ ရှိပါတယ် ...၀င်သွားပါရှင့် ...”

ပြုံးပြုံးဟန် ရဲ့ မျက်လုံးတွေ ငိုထားလို့ နီရဲနေသည် ...။

“ အဘ  ”

ဦးကိုးသွယ် လှဲလျောင်းနေတဲ့ ကုတင်ကြီး အနားကို ပြုံးပြုံးဟန် တိုးကပ်သွားသည် ..။

“ သမီး ....”

“ ကျမကို သမီးလို့ မခေါ်နဲ့..အဘ ရက်စက်တယ်.. မောင်လေးကို သတ်ပစ်လိုက်တယ် . .”

“ သမီး...ဖိုးစီ က သူ့ကိုလဲ လွှတ်ပေးလိုက်ရော ချက်ချင်းဘဲ လူစုပြီး လာရန်ရှာတာ ... အဘလဲ မတတ်နိုင်တော့ဘူး ... အဘ စိတ် ထိခိုက်တယ်... သမီး ....ဆဲလ့်ဒီဖင့်စ် သဘောပါ... အဘတို့ကို ခွင့်လွှတ်ပါ ....”

“ အို..ဘယ်လို ခွင့်လွှတ်နိုင်မှာလဲ..ကျမ တယောက်ထဲရှိတဲ့ မောင်လေးကို သတ်ပစ်တာ ...အဘကို မကျေနပ်ဘူး ....”

ပြုံးပြုံးဟန် လဲ စလင်းဘက် ထဲက ဓါးတချောင်းကို ဆွဲထုတ်လိုက်သည် ..။

“ သမီး...မလုပ်နဲ့...မှားမယ် .....”

ပြုံးပြုံးဟန်လဲ ဦးကိုးသွယ် အနားကို တိုးကပ်သွားသည် ..။

“ အဘကို ကျမ သတ်ပစ်မယ် . . .”

ပြုံးပြုံးဟန် ဓါးကို ချိန်ရွယ်ကာ ပြောသည် ...။ ဦးကိုးသွယ် လက်ကာပြီး....

“ သမီးလေး ....အဘ...အဘ ...ကို မသတ်ပါနဲ့ . . ..”လို့ တား သည် ..။

“ ကလစ် ...”

အနောက်က အသံကြားလိုက်ရလို့ ပြုံးပြုံးဟန် ဓားကြီး ဆုတ်ကိုင်ရင်း လှည့်ကြည့်လိုက်သည် ..။ ဒီဒီ သည် မဲနက်ပြောင်လက်သော သေနတ်ကြီးတလက်နဲ့ ပြုံးပြုံးဟန်ကို အနီးကပ် ချိန်ရွယ်ထားနေသည် ..။

“ လက်ထဲက ဓားကို ချလိုက် ..အသေပစ်မှာနော် ...”

ပြုံးပြုံးဟန် ဓားကို လွှတ်ချလိုက်သည် ..။ ဒီဒီ လက်ဦးသွားသည် ..။ ပြုံးပြုံးဟန်ကို လက်ပြန်ကြိုး တုပ်လိုက်သည် ..။

“ ဘော့စ် ....ဒီကောင်မကို ရှင်းပစ်လိုက်ရမလား ...”

“ မလုပ်နဲ့..ဒီဒီ ....မလုပ်ပါနဲ့ ....သူ့ကို မသတ်နဲ့ ....”

“ ဘော့စ်..ဖိုးစီ လို တနေ့ ပြန်လာ လိမ့်မယ် ...ရှင်းပစ်လိုက်တာ ကောင်းမယ် ...”

“ ဒီဒီ.....မလုပ်နဲ့ဆို မလုပ်နဲ့....ပြုံးပြုံးဟန်ဟာ အဘရဲ့ သမီး..အဘရဲ့ သွေး ...ကွ...”

“ ဟင်..ဘော့စ်...တကယ်လား ...”

“ ဟာ..ဘာတွေ လာပြောနေတာလဲ ....” ပြုံးပြုံးဟန်က အော်လိုက်သည် ...။

“ ဟုတ်တယ် ...သမီး...သမီး ဟာ အဘရဲ့ သမီး.....”

“ အို..မဖြစ်နိုင်တာ... ခင်ဗျားလို လူယုတ်မာကြီးရဲ့ သမီး ဘယ်လိုမှ မဖြစ်နိုင်ဘူး..... မဟုတ်ဘူး.... မဟုတ်ဘူး.........”

ပြုံးပြုံးဟန်သည် လက်ပြန်ကြိုး တုပ်ရက်ကြီးနဲ့ အော်ဟစ် ငိုကြွေးနေသည် ..။
------------------–-------------------

ဒီအချိန်တွင် န၀ရတ် နဲ့ ကျော်ဖေသွင်သည် နာဂစ်စ် ရဲ့ေ၇ှ့မှောက်မှာ ရောက်နေသည် ..။ Bollywood က မင်းသားကြီး အမီတပ်ဘဂျမ်း နဲ့ ချွတ်စွပ်နီးနီး တူသော နာ၈စ်စ်ကြီး ခိုအောင်းနေသည့် အိမ်တလုံးထဲ မှာ ဖြစ်သည် ...။

နာဂစ်စ် နဲ့ အပေါင်းအပါတစု နဲ့ န၀ရတ်.. ကျော်ဖေသွင် တိုင်ပင်နေကြသည် ...။

နာဂစ်စ် က ယမ်းပျော့တွေ စနက်တန်တွေ အပါအ၀င် ချိန်ကိုက်ဗုံးတွေ လဲ လက်နက်ပွဲစားဆီက အားလုံး ရပြီ မို့ ဘယ်လို ဖေါက်ခွဲမည် ဆိုတာကို ညွှန်ကြားနေသည် ...။ သူ့အမည်ဝှက် “ မြွေဆိုး ” လိုဘဲ နာဂစ်စ်ရဲ့ အတွင်းစိတ်သည် အမုန်းတွေများ.. အညှိုးအတေးတွေ ကြီးမားပြီး လူသားအချင်းချင်း ရက်စက်စွာ အစုလိုအပြုံလိုက် သတ်ဖြတ်ပစ်ချင် နေတာကို န၀၇တ်နဲ့ ကျော်ဖေသွင် တွေ့ရှိရသည် ..။

“ မင်းရဲ့ အဖေ ဦးကိုးသွယ် စီစဉ်ထားတာကတော့ သူ့တပည့်တွေကို ချိန်ကိုက်ဗုံးတွေ ခွဲဝေပေးလိုက်ပြီး ခွဲခိုင်းဖို့ဘဲ .. အရေးကြီးတဲ့ မိန်းနေရာတွေ မှာတော့ ဗုံး နဲ့ ရှိနေတဲ့ လူတွေကို မခွဲခိုင်းဘဲ နောက်ကနေ တယောက်ယောက်က ခလုပ်နှိပ်ပြီး ခွဲပစ်ဖို့ ဘဲ ...”

“ အိုး ..ဗုံးနဲ့ ရှိနေတဲ့ ကျမတို့ လူပါ သေရမယ့်သဘောလား ....”

“ ဒါပေါ့..သွေးကြောင်ပြီး မခွဲချင်ရင်.. နောက်ပြန်လှည့်ရင် လုပ်ထားတဲ့ အစီအစဉ်တွေ ပျက်ကုန်မှာပေါ့.. မင်းအဖေ က သဘောတူထားတာဘဲ ...”

“ ကိုယ့်လူကို ပြန်သတ်ရမှာပါလား ...”

နာဂစ်စ် က တဟားဟား အော်ရယ်လိုက်သည် ...။

“ ဟိုး တခါတုံး က ၀င်မွှေသွားခဲ့တဲ့ မုန်တိုင်း လိုပေါ့ကွာ ....ဒီတခါက လူ နာဂစ်စ် က ကောင်းကောင်းကြီး မွှေပေးသွားမယ် ....”

န၀ရတ် က မကျေနပ်သလို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည် ..။

“ မင်းက မလုပ်ချင်လို့လား ....”

“ အင်း..အမှန်အတိုင်း ပြောရရင်တော့ ဘယ်လုပ်ချင်ပါ့မလဲ ....သဘောတူထားပြီး ဆိုရင်တော့ လုပ်ရတော့မှာပေါ့ ...”

“ အင်းလေ..မင်းအဖေ ကျေနပ်တဲ့ ငွေ ဒို့အဖွဲ့က ပေးပြီးပြီကွ....”

ကျော်ဖေသွင်ရဲ့ ခေါင်းထဲမှာ ရန်သူ...ရန်သူ.. ရန်သူ ...ဆိုတဲ့ အနီရောင် စာလုံးတွေ တဖျတ်ဖျတ် ပေါ်နေသည် ...။ တတ်နိုင်ရင် လူယုတ်မာကြီးကို အခု ချက်ချင်းကိုဘဲ သေနတ်နဲ့ ပစ်သတ်ပစ်လိုက်ချင်မိသည် ...။
သူ့မျက်လုံးတွေ အေးစက် တောက်ပနေသည် ..။ သူ့ခေါင်းထဲမှာ မြန်မာပြည်သားတွေကို ဖေါက်ခွဲသတ်ဖြတ်ချင်နေတဲ့ မြွေဆိုး ကို အလွတ်မပေးဘဲ ခြေမှုန်းပစ်ရမည် ဆိုတဲ့ အသိကနေသည် ...။ န၀ရတ်သည်လည်း နာဂစ်စ် ကို မနှစ်မြို့သလို မျက်နှာပေး ရှိနေတာကို သူ သတိပြုမိသည် ..။

နာဂစ်စ်ရဲ့ ဖုန်း တပိပိ နဲ့ မြည်လာသည် ..။ နာဂစ်စ်  ဖုန်းထူးလိုက်သည် ..။ တဖက်က ပြောနေတာကို သူ နားထောင်နေရင်း..သူ့မျက်နှာကြီးသည် ခရမ်းချဉ်သီးပုတ် တလုံးလိုဘဲ နီပုပ်ပုပ် ဖြစ်လာသည် ...။ မျက်လုံးတွေက ရဲရဲတောက်လာသည် ..။ ဘာသာခြားစကား တခု နဲ့ ဘေးက သူ့လူတွေကို အမိန့်ပေးလိုက်သည် ..။ ကျော်ဖေသွင် သိလိုက်သည် ..။ တခုခုတော့ ဖြစ်ပြီ ..။ သူ့ဘောင်းဘီအိတ်ထဲက သေနတ်ကို လက်လှမ်းလိုက်စဉ် နာဂစ်စ်ရဲ့ တပည့်တွေက သူနဲ့ န၀ရတ်ကို ဖမ်းချုပ်လိုက်တာကို ခံလိုက်ရသည် ..။ သူ့သေနတ် နဲ့ န၀ရတ်ရဲ့ သေနတ်ကို သူတို့သိမ်းယူလိုက်ကြသည် ...။

“ လက်နက်ပွဲစားမ ကို ရန်ကုန်လေဆိပ်မှာ ဆွဲစိလိုက်ကြပြီ....တဲ့ .... မင်းတို့ ရဲကို သတင်းပေးလိုက်လား ....”

“ အိုး...ဒါက ဘာသဘောလဲ နာဂစ်စ်..ဒို့ လုပ်ငန်းတွေတောင် မစရသေးဘူး ....”

“ ငါ နင်တို့ကို မယုံတော့ဘူး ...ဟေ့ကောင်တွေ.. ဒီ၂ယောက်ကို သေသေချာချာ ရှာစမ်း ...”

အရပ်ခြောက်ပေလောက် ရှိတဲ့ နာဂစ်စ်ရဲ့ တပည့်ကြီး ကျော်ဖေသွင်နဲ့ န၀ရတ်ရဲ့ တကိုယ်လုံးကို ရှာဖွေသည် ..။ န၀ရတ်ရဲ့ ဖြောင့်စင်း သွယ်လျသော ပေါင်တန်နှစ်ချောင်းကို အရှည်ကြီးပွတ်သပ်ရှာဖွေသည် ..။ ပေါင်ကြားဂွနေရာကို လက်လှမ်းသည် ...။

“ ဟေ့ကောင်..နင့်အမေကို နင်သွားရှာပါလားဟဲ့.. ပေါင်ကြားကို ...”

န၀ရတ် အော်ဟစ်လိုက်သည် ...။ အရှည်ကြီး က ဂရုမစိုက်ဘဲ ဆက်လက် ရှာဖွေနေသည် ...။ န၀ရတ်ရဲ့ ရင်သားစိုင်တွေကို ပွတ်သပ်ကိုင်တွယ်ပြန်သည် ...။ နာဂစ်စ်ရဲ့ တပည့်တွေက သူတို့ကို သေနတ်တွေ နဲ့ ချိန်ထားကြသည် ..။ နာဂစ်စ် က တနေရာကို ဖုန်းဆက်နေသည် ...။

“ ခွေးကောင် ..ငါ့နို့တွေကို ပယ်ပယ်နယ်နယ် ညာကိုင်နေတယ် ....”

နာဂစ်စ်ကြီး  ဒေါသကြီးနေသည် ...။

“ ငါ နင်တို့ကို မယုံတော့ဘူး ...အစီအစဉ် ပြောင်းမယ် ... ငါ့လူတွေနဲ့ငါဘဲ လုပ်တော့မယ် . . .အရှည်ကြီး . .. ”

“ ဗျာ.....ဆရာ နာဂစ်စ် . . ”

“ သူတို့ကို မြို့ပြင် တနေရာရာကို ခေါ်သွားပြီး သတ်ပစ်ရမယ် ....အရင်ဆုံး ..မွတ်တား တို့ လာအောင် စောင့်လိုက်အုံး .....”

န၀ရတ်ရဲ့ ဖုန်း မြည်လာသည် ...။

“ ဟင်..ဒက်ဒီ့ဆီကဘဲ ...မစ္စတာနာဂစ်စ်..ကျမ အဖေဆီက ..ဖုန်း ခဏပြောမယ် ...”

“ ပြော...ပြောပါ..ပြော..ရတယ်..မင်း အဖေဆီကိုလည်း လူတွေ လွှတ်ပြီးသား... မင်းအဖေကိုလဲ ဖမ်းခေါ်ခဲ့ခိုင်းထားတယ် . ..”

“ ဟင် ...ရှင်..တော်တော် ဥာဏ်များပါလား ....”

န၀ရတ် ဖုန်းကိုင်လိုက်သည် ..။

“ သမီး....န၀ရတ် ....”

“ ရှင်..ဒက်ဒီ ..ဒက်ဒီ အိုကေရဲ့လား ...”

“ သမီးရေ ...ဒက်ဒီတို့တော့ ကွဲပြီ ...ခံရပြီ ...ခုဘဲ သိရတယ် ... ဒက်ဒီတို့ ပစ္စည်းတွေ ထားတဲ့နေရာတွေ ကို ရဲတွေ ၀င်စီးလိုက်ကြပြီ..... ဖိုးဖိုက် ထင်အောင် တို့ လူခွေးတို့လဲ အဖမ်းခံနေရပြီ .... အခုလဲ..အခုလဲ..ဒက်ဒီ့ကို တံခါးလာခေါက်နေပြီ ....”

“ ဘယ်သူလဲ..ဒက်ဒီ..နာဂစ်စ်ရဲ့ လူတွေ လား ...”

“ မဟုတ်ဖူး..သမီး...ရဲတွေ ...ရဲတွေ ....”

“ ဟာ .....”

အရှည်ကြီးက န၀ရတ်ဆီက ဖုန်းကို လုယူလိုက်သည် ..။

“ တော်ရောပေါ့..ဒီလောက် ပြောရင် . . ..”

န၀ရတ် က ကျော်ဖေသွင်ဖက်ကို လှည့်ပြီး ..

“ ကျမတို့တော့ ကွဲပြီ ..ရဲတွေ အားလုံး လာဖမ်းနေပြီ ...တခုခုတော့ မှားယွင်းနေပြီ ....”

လို့ ပြောလိုက်သည် ...။ ထိုအခိုက် တံခါးခေါက်သံ ထွက်ပေါ်လာသည် ...။

“ ဒေါက်..ဒေါက် ....ဒေါက် .....ဒေါက် .......”

နာဂစ်စ်ကြီး သည် ဖုန်းပြောနေရာက ..

“ အရှည်ကြီး ...သွားကြည့်စမ်း ...မာမွတ် တို့ လာပြီ ထင်တယ် . . .”

လို့ လှမ်း ခိုင်းလိုက်လို့ အရှည်ကြီး တံခါးဆီကို လျှောက်သွားသည် ..။ ချောင်းကြည့်တဲ့ အပေါက်လေးကနေ မျက်လုံးကပ်ပြီး ကြည့်သည် ...။

“ ဘယ်သူလဲ . . .”

“ မာမွတ်တို့ ပါ ....”

အရှည်ကြီး တံခါးဖွင့်ပေးလိုက်သည် ..။ မာမွတ် ဆိုတဲ့ နာဂစ်စ်ရဲ့ တပည့် မျက်နှာပျက်ပျက် နဲ့ ၀င်လာသည် ..။ မာမွတ် ကိုယ်ဖိုင့်ဖိုင့်ကြီး အနောက်မှ မိန်းမတယောက် ပုံးကွယ်ကာ ၀င်လိုက်လာသည် ...။

“ ဟင် ...ဘယ်သူလဲ ....”

ဒီဒီ ...သို့မဟုတ် မိုးပြာမှိုင်းရီ . . . .။

လက်ထဲက သေနတ်မဲမဲကြီး ချိန်ရွယ်ထားရင်း ...

“ အားလုံး ..လက်နက်ချ ..”

လို့ အော် ပြောသည် ...။ ဒီဒီ ( ခေါ် ) မိုးပြာမှိုင်းရီ ..သည် POLICE ဆိုတဲ့ စာလုံးအဖြူ ရေးထိုးထားသော ကျည်ကာအင်္ကျီ ၀တ်ထားသည် ...။ ဒီဒီရဲ့ အနောက်မှာ ကျည်ကာဝတ် ရဲတပ်ဖွဲ့ဝင်တွေ မောင်းပြန်သေနတ်တွေနဲ့ တပြုံကြီးလိုက်ပါလာသည် ...။

“ ဟား....ရဲတွေ ...ရဲတွေ ...”

နာဂစ်စ်ကြီး အတွင်းခန်းထဲကို ပြေးဝင်သွားသည် ..။

ကျော်ဖေသွင်သည် ကြောင်အမ်းနေသော အရှည်ကြီး ခါးကြားက သူ့ဆီက သိမ်းထားသော ပစ္စတိုသေနတ်ကို ဖျတ်ကနဲ ဆွဲယူလိုက်သည် ..။  န၀ရတ်ကလဲ ဖြောင်းကနဲ ဒုတ်ကနဲ နဘေးက ကောင်ကို ရိုက်ထုပြီး သေနတ်ကို လုယူသည် ...။ န၀ရတ်သည် ကျည်ကာ ၀တ်ပြီး ရဲတွေ တအုပ်ကြီးနဲ့ရောက်လာသော ဒီဒီကို တွေ့လိုက်တော့ မျက်နှာ အကြီးအကျယ် ပျက်သွားသည် ...။ သို့ပေမဲ့  နာဂစ်စ် နောက်ကို ကျော်ဖေသွင်နဲ့ ပြေးလိုက်သွားလိုက်သည် ..။

နာဂစ်စ် သည် ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်သမားကြီးတယောက် ဖြစ်သလို အလွန်လည်သော လူလည်ကြီး ဆိုတော့ သူခိုအောင်းဖို့ အိမ် ရှာ ငှားကထဲက ဒီလို ရဲတွေ တနေ့လာဝိုင်းနိုင်သည် ဆိုတာကို သူ ထည့်တွက်ပြီးသား ..။ ဒါကြောင့် အနောက်ဖက်မှာ ထွက်ပေါက် ..ဘေးမှာ မလွယ်ပေါက်တွေ ပါတဲ့ ဒီအိမ်ကြီးနဲ့ ဒီခြံကို သူ ရအောက် ငှားခိုင်းထားတာ ..။

နာဂစ်စ် အနောက်ဖက်ပေါက် က ပြေးဖို့ လုပ်သောအခါ အနောက်ဖက် ခြံပြင်က စောင့်နေသော ရဲတပ်ဖွဲ့ဝင်တွေ နဲ့ တိုးသည် ..။ သေနတ်တွေနဲ့ ချိန်ထားသော ရဲတွေနဲ့ တိုးသောအခါ နာဂစ်စ်ကြီး ရဲတွေကို သေနတ်နဲ့ ပစ်ပြီး ခြံထဲ ပြန်ပြေး ၀င်လာသည် ...။ အူရားဖါးရား ပြေးဝင်လာသော နာဂစ်စ်ကြီးကို သေနတ်ပြောင်းနှစ်ခု က ဆီးကြိုနေသည် ...။

“ နာဂစ်စ် ..သေနတ်ချလိုက် ....”

ကျော်ဖေသွင် ရဲ့ လက်နှစ်ဖက် စုံကိုင်ပြီး ချိန်ထားတဲ့ ၄၅ ပစ္စတိုလ်က နာဂစ်စ် မျက်နှာကို တန်းနေသည် ...။ န၀ရတ် လည်း ကျော်ဖေသွင်ရဲ့ ဘေးချင်းယှဉ်ပြီး နာဂစ်စ် ကို သေနတ်နဲ့ ချိန်ထား သည် ...။ နာဂစ်စ် သူ့လက်ထဲက သေနတ်ကို လွှတ်ချလိုက်သည် ..။ သို့ပေမဲ့ နာဂစ်စ် လက်ထဲမှာ လေးထောင့်အတုံးလေးတုံး ရှိနေသေးသည် ..။ နာဂစ်စ် က သူဝတ်ထားတဲ့ အင်္ကျီဖါးဖါးကြီးကို ဖျတ်ကနဲ တဖက်တချက်ကို ဆွဲဖွင့်ပစ်လိုက်သည် ...။ ပြီးတော့ တဟားဟား ရယ်သည် ..။ သူ့ရင်ဘတ်မှာ ဗုံးတွေ အပြည့် ချည်နှောင်ထားတာကို ကျော်ဖေသွင်နဲ့ န၀ရတ်တို့ တွေ့လိုက်ရသည် ..။

“ ကိုကို ...ရေ ....ဗုံးတွေ ......”

နာဂစ်စ် က အရူးကြီးတယောက်လို ရယ်မောနေသည် ....။

“ ဟားဟားဟား ......ငါ့ကို ပစ်ရင် ပစ်လိုက် .....ဟားဟားဟား . .. မင်းတို့ကိုပါ ငါနဲ့ တပါထဲ ခေါ်သွားမယ် ......ဒီ ရီမုတ်လေး နှိပ်လိုက်တာ နဲ့ ပွဲပြီးပြီ ....”

ကျော်ဖေသွင် ခေါင်းထဲမှာ အလုပ်များနေသည် ...။ ဘာလုပ်မလဲ....။ ဘာလုပ်မလဲ ....။ ဒီသေနာကြီးကို ဘယ်လိုသတ်ရမလဲ ....။

“ ကဲ..မင်းတို့ မသေရဲဘူး မဟုတ်လား ...ငါက သေရဲတယ် ....ဒီတော့ နောက်ဆုတ် ..ဆုတ်.... ဆုတ်ကြစမ်း ....နောက်ဆုတ်....”

ကျော်ဖေသွင် နဲ့ န၀ရတ် သေနတ်တွေနဲ့ ချိန်ရွယ်ရင်း ...အနောက်ကို တဖြေးဖြေး ဆုတ်နေသည် ...။ နာဂစ်စ်ကြီး က ရီမုတ်တုံးလေးကို မြှောက်ကိုင်ပြီး ..ရှေ့တိုးနေသည် ....။

ရုတ်တရက် ဒိန်းကနဲ ကျယ်လောင်လွန်းတဲ့ သေနတ်သံ တချက် ကြားလိုက်ရသည် ...။

နာဂစ်စ်ကြီး ရီမုတ်ကွန်ထရိုး အတုံးလေး ကို ကိုင်ထားတဲ့ လက် သည် လက်ကောက်ဝတ်ကနေ ပြတ်ထွက်ခါ ရီမူတ်ကွန်ထရိုးတုံးလေး လွင့်ကျသွားသည် ...။

“ ဟာ . . .”

ဒီဒီရဲ့ အမိန့်အရ လက်ဖြောင့်တပ်သား တယောက်က နာဂစ်စ်ကြီးရဲ့ ရီမုတ်ကိုင် လက်ကောက်ဝတ်ကို အားပြင်းသော ကျည်ဆံသုံး ဒသမ၅၀ ရိုင်ဖယ် နဲ့ ပစ်ခတ် ပေးလိုက်တာ ဖြစ်သည် ။

နာဂစ်စ်ကြီးသည် ပြတ်ထွက်သွားသော သူ့လက်ကို ကြည့်လိုက်  မြေကြီးပေါ်က ရီမုတ်လေးကို ကြည့်လိုက်နဲ့ ကြောင်နေသည် ...။ သူ ရီမုတ်လေးကို ကုန်းမကောက်နိုင်ခင် ကျော်ဖေသွင် နဲ့ န၀ရတ်တို့ သူတို့သေနတ်မောင်းခလုပ်တွေကို အသီးသီး ကွေးညှစ်လိုက်ကြသည် ...။ ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်လိုက်သော သေနတ်သံတွေ ထွက်ပေါ်လာပြီး နာဂစ်စ်ကြီး ကို ထိမှန်သွားသည် ...။

ဝုန်းကနဲ ပြုတ်ကျသေဆုံးသွားသော နာ၈စ်စ်ကြီး ကို န၀ရတ် အချိန်ကြာကြာ ငေးမနေဘူး ..။ သူနဲ့ ဇွဲအာကာတို့ ရဲတွေ လက်က ပြေးကြရအုံးမယ် မဟုတ်လား . . ။

“ ကိုကို...လစ်စို့ ...”

“ န၀ရတ်..လက်နက်ချလိုက်ပါ ..... သေနတ်ချလိုက်ပါ .....”

“ ဟင် . . ဒီဒီ ....”

ဒီဒီသည် သေနတ်နဲ့ န၀ရတ်ကို တန်းတန်းမတ်မတ် ချိန်ရွယ်ထားနေသည် ...။

“ ဒီဒီ...နင်...နင် .....”

န၀ရတ်သည် ပြူးကျယ်သော မျက်လုံးအစုံနဲ့ ဒီဒီ ကို ဒေါသတွေ အပြည့်နဲ့ ကြည့်နေသည် ...။

“ ဟုတ်တယ်...န၀ရတ် ...ဒီဒီဟာ ... စစ်ထောက်လှမ်းရေးက အရာရှိတယောက် ဘဲ ....”

လို့ ကျော်ဖေသွင်က န၀ရတ်ကို ပြောရင်း.. န၀ရတ်လက်ထဲက သေနတ်ကို ဆွဲယူလိုက်သည် ။

“ ကိုကို...ကိုကို ကရော ......အို .. ရက်စက်လိုက်ကြတာ .....”

န၀ရတ် သဘောပေါက်သွားသည် ...။

ဒီဒီ က ..“ ကိုကျော်ဖေသွင်က ရဲတပ်ဖွဲ့က အရာရှိတယောက်ပါ... န၀ရတ်.... ဇွဲအာကာနေရာမှာ အစားထိုး ၀င်ပြီး စုံစမ်း ထောက်လှမ်းခဲ့တဲ့ ရဲအုပ် ပါဘဲ ....”

လို့ ပြောချိန် ရဲတပ်သား တယောက် က န၀ရတ် ကို လက်ထိပ် ခတ်လိုက်ကြသည် ...။

“ တောက် ....မြွေပွေး ခါးပိုက်ပိုက် ..ဆိုတာမျိုး ပါလား ....နင်....နင်တို့ ရက်စက်လိုက်ကြတာ ........”

န၀ရတ် မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျရင်း အရူးတယောက်လို တတွတ်တွတ် ပြောဆိုနေသည်
နာဂစ်စ်ကြီးတို့ အကြမ်းဖက် ဖေါက်ခွဲ သတ်ဖြတ်မယ့် အလုပ်ကြီး ကို အချိန်မှီ တားဆီးနိုင်လိုက်ကြသည် ..။ ဖေါက်ခွဲမယ့် ဗုံးတွေကိုလည်း အားလုံး ရလိုက်ကြသည် ...။

ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်း လုပ်ဆောင်ချက် ကြောင့် တားဆီးမိလိုက်တဲ့အကြောင်း သတင်းစာတွေ.. ဂျာနယ်တွေမှာ ပါလာသည် ..။

ကျော်ဖေသွင် ကို အထက်လူကြီးတွေက ချီးကျူး ဂုဏ်ပြုကြသည် ..။ ကျော်ဖေသွင်လည်း ရွှေအိမ်စည် ဆိုတဲ့ ကောင်မလေး ကို အရင်းအနှီး ထုတ်ပေးကာ ဆိုင်လေးတဆိုင် ဖွင့်ပေးလိုက်သည် ...။

ကျော်ဖေသွင် သည် အသွင်ယူ ထောက်လှမ်းမှု ပြီးဆုံးသွားပြီးနောက် ဒီအမှုကြီးမှာ သူ့လိုဘဲ ဒီဒီအဖြစ် အသွင်ယူကာ ပါဝင် ထောက်လှမ်းခဲ့တဲ့ ဗိုလ်ကြီးမိုးပြာမှိုင်းရီ နဲ့ ထပ်ပြီး မဆုံဖြစ်တော့  ..။ သူက တွေ့ဆုံချင်လို့ တွေ့ဆုံဖို့ ကြိုးစားပေမဲ့ မိုးပြာမှိုင်းရီ သည် အရေးကြီး တာဝန် နဲ့ ခရီးထွက်သွားရကြောင်း သိရပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည် ။ နောက်ဆုံး လူချင်းခွဲတဲ့အချိန်တုံးက မိုးပြာမှိုင်းရီ က..

“ အကို နဲ့ အေးအေးဆေးဆေး တွေ့ချင်တယ် ...”

လို့ ပြောသွားခဲ့တာလေး သူ အမြဲ ကြားယောင်သည် ...။ မိုးပြာမှိုင်းရီ ကို သူ တကယ်ဘဲ ချစ်မိခဲ့သည် ...။ သို့ပေမဲ့ ချစ်တဲ့အကြောင်း သူ မပြောနိုင်ခဲ့ဘူး ..။ မပြောဖြစ်ခဲ့ဘူး ...။

ဇွဲအာကာ အဖြစ် ဒီဒီ ဆိုတဲ့ ငှက်တေလေ ကလပ်က ကောင်မလေးကို ဆက်ဆက်နေတဲ့ ဖုန်း နဲ့ မိုးပြာမှိုင်းရီ ကို ခေါ်ကြည့်မိသေးသည် ..။မရဘူး ...။ သူ အဲဒီ ဖုန်းကို ဆက်သုံးနေတုံးဘဲ ...။ ဒီဒီ ( သို့ ) မိုးပြာမှိုင်းရီတယောက်များ အဲဒီဖုန်းကို ခေါ်များ ခေါ်လေမလားလို့ ...။ မင်းလေး .ဘယ်များ ရောက်နေသလဲ ..မိုးပြာမှိုင်းရီ  ....။

သူ့စိတ်တွေ ပူနေတာ ဘယ်သူမှ မသိဘူး ...။ မိုးပြာမှိုင်းရီ သည် တကယ့်ကို အလုပ်များလွန်းလို့ သူ့ကို မဆက်သွယ်တာလား ...။

ရဲမှူး စိုးကျော်ဆန်း ဖုန်းဆက် လို့ သူ မဟာမြတ်မုနိ ဘုရားကြီး ကို ထွန်းလူနဲ့ ညီညီနိုင်တို့ကို ခေါ်ပြီး သွားရသည် ..။ သူတို့ ရဲတပ်ဖွဲ့က လိုချင်နေတဲ့ ၀ရမ်းပြေး တယောက် ရောက်နေတယ်လို့ သတင်းရလို့ ..။ ဟိုရောက်တော့ အရင်ဆုံး ရဲသတင်းပေး နဲ့ တွေ့သည် ..။ ဘုရားကြီး အ၀င် ငှက်တွေ ..ဒီးဒုတ် ဇီးကွက်တွေ ရောင်းနေကြတဲ့ နေရာမှာ တွေ့ရတာ ..။

သတင်းပေးက ၀ရမ်းပြေး ရှိတဲ့နေရာကို ပြောပြသည် ..။ ၀ရမ်းပြေး နံမည်က လှသော်မိုး ...။ အမှုက ၄၂၀ လူလိမ် ...။ လက်နက်ကိုင် လူဆိုးတွေ လို အန္တရာယ် မရှိဘူးလို့ ကျော်ဖေသွင်တို့ သတ်မှတ်ထားတဲ့ အဆင့် ..။ သူတို့ သုံးယောက် သွားဖမ်းတာတောင် ကျော်ဖေသွင် တယောက်ဘဲ သေနတ်ပါသည် ..။ ဒီလိုကောင်ကို ဖမ်းဆွဲတာက သူတို့အတွက် ထမင်းစားရေသောက် အမြဲ လုပ်နေတဲ့ အလုပ်တခုဘဲ ..။

လှသော်မိုး က ဘုရားကြီး နားက အိမ်တလုံးမှာလို့ သတင်းပေးက ညွှန်ပြသည် ။ ကျော်ဖေသွင်တို့ ရောက်သွားသည် ..။ ညီညီနိုင်က အိမ်အနောက်ဖက်က စောင့်ပြီး ကျော်ဖေသွင်နဲ့ ထွန်းလူက အရှေ့ဖက်က တံခါးခေါက်သည် ..။ တကယ်လို့ လှသော်မိုးက အနောက်ဖက်ပေါက် က လစ်ပြေးရင် ဖမ်းကုပ်နိုင်အောင် ညီညီနိုင့်ကို အိမ်နောက်က စောင့်ခိုင်းထားတာ ..။

“ ဒေါက်..ဒေါက်..ဒေါက် ...”

ထွန်းလူက အိမ်ရှေ့တံခါးကို ခေါက်သည် ..။ တံခါးပွင့်လာသောအခါ သူလုံးဝ မထင်ထားတာကို သူတွေ့မြင်လိုက်ရလို့ ရုတ်တရက် အံ့အားသင့်သွားသည် ..။ တံခါးဖွင့်ပေးသူက မိုးပြာမှိုင်းရီ ဖြစ်နေလို့ပါဘဲ ..။ သူ စကားပြောဖို့ ပြင်လိုက်စဉ်မှာဘဲ မိုးပြာမှိုင်းရီ က...

 “ လှသော်မိုး ကို ဆွဲစိဖို့ လာတာလား ..အကို ..”

လို့ ပြုံးပြုံးလေး မေးလိုက်ပါသည် ။

“ ဟုတ်တယ် ...မိုးပြာက ဘယ်လို ဒီကို ရောက်နေ ...”

“ ဒီလို အကိုရဲ့..လှသော်မိုး က အကိုတို့ ထင်သလို ဖိုးတွမ်တီး သက်သက် တယောက်ဘဲ မဟုတ်ဘူး ...ပြည်ဖျက်မဲ့ ပုဆိန်ရိုးတကောင် ..အင်မတန်မှ အန္တရာယ် ရှိတဲ့ကောင် ..အခု မိုးပြာတို့ မိထားပါပြီ ...”

“ ဟင်..ဟုတ်လား ...”

ခြေသွက်လှသော မိုးပြာမှိုင်းရီတို့သည် သူတို့ထက် တကွက်ကြို နေပါလား ...။

“ ဆရာအေးသိမ်း ရေ...ခေါ်ထုတ်ခဲ့ပါ....”

မိုးပြာမှိုင်းရီက အတွင်းခန်းကို လှမ်းပြောလိုက်သောအခါ အရပ်ဝတ်အရပ်စားနဲ့ လူထောင်ထောင်မောင်းမောင်းကြီး တယောက်က လှသော်မိုးကို လက်ထိပ်ခပ်ရက်သား နဲ့ ဆွဲထုတ်လာသည် ..။

“ သူ့ကို မိုးပြာတို့ ခေါ်သွားရမယ် ..အကို ...”

ကျော်ဖေသွင် ဘာပြောရမလဲ ...။ မိုးပြာမှိုင်းရီတို့အဖွဲ့က လူတွေ အနက်ရောင် ပရာဒိုကားကြီးနဲ့ ရောက်လာသည် ..။ မိုးပြာမှိုင်းရီက သူတို့ကို သွားနှင့်ကြ ..သူ နောက်က လိုက်လာမည်...လို့ ပြောလိုက်ပြီး ကျော်ဖေသွင်နဲ့ နေခဲ့လိုက်သည် ..။

“ အကို့ကို တောင်းပန်ချင်လို့ ..”

“ ဘာအတွက်လဲ မိုးပြာ ...”

“ မိုးပြာ အကို့ကို ဖုန်းမဆက်ဖြစ်တာ ...”

“ အကိုက နော်ဂျာ နဲ့ ရင်ဆိုင်တာကို မိုးပြာအတွက် အရမ်း စိတ်ပူနေခဲ့တာ...”

မိုးပြာမှိုင်းရီ ပြုံးသည် ...။

“ သဘောပေါက်ပါတယ်..အကို ...တကယ်လဲ ..စိတ်ပူစရာပါဘဲ ...နော်ဂျာက မိုးပြာ ဘာလဲ ဆိုတာလဲ သိသွားရော...မိုးပြာကို စပစ်တာဘဲ ...ဘုရားမတယ် ပြောမလား ..သူ့သေနတ်က ဂျမ်းဖြစ် ကျည်အ ပြီး မထွက်ဘူး ..ဒါကြောင့် မိုးပြာ မသေတာ ...”

“ အကို ထင်နေတာ ..စိတ်ပူနေတာ ...”

“ အင်း ..ယုံပါတယ် ...အကို..ကားပါတယ် မဟုတ်လားဟင် ...”

“ အင်း ..ပါတာပေါ့ ..မိုးပြာ ...”

သူ့ကားဆီကို ရောက်သောအခါ  မိုးပြာက ..

“ အကို .. နေ့လည်စာ စားတဲ့ အချိန်တောင် ကျော်နေပြီ ..ထမင်းစားပြီးပြီလား ...” လို့ မေးသည်..။

“ မစားရသေးဘူး ..မိုးပြာ...မိုးပြာကော...”

လို့ သူ ပြန်မေးသည် ..။ မိုးပြာမှိုင်းရီက ရယ်လိုက်ရင်း ..

“ ဘယ်စားရသေးမလဲ အကို ..ဒီလှသော်မိုးကို တမနက်လုံး ချောင်းနေကြရတာလေ ....”

လို့ ပြန်ဖြေသည် ..။ ကားပေါ်တက်လိုက်ကြသည် ..။

“ အကို့လူနှစ်ယောက် ကော..မခေါ်ဘူးလား ..”

“ ရတယ်..မခေါ်ဘူး ..သူတို့က အလိုက်သိတတ်တယ်..”

လို့ ပြောရင်း သူ့လွယ်အိပ်ထဲက လက်ထိပ်ကို သူ ထုတ်ယူလိုက်သည် ..။

“ ဟင်..အကို ..လက်ထိပ်ကြီး ...ဘယ်သူ့ကို ခပ်မလို့လဲ ...”

“ မိုးပြာကို ...”

“ ဟင် ...ဘာလို့ ခပ်မှာလဲ ....မိုးပြာက လူဆိုးလား ....ခိခိ ....”

“ မိုးပြာ အကို့အနားက ပြန်ထွက်မသွားနိုင်အောင် ဖမ်းထားမလို့ ...”

မိုးပြာမှိုင်းရီသည် ရယ်လိုက်တာ အရမ်းဘဲ ..။

“ ဒီတခါ မိုးပြာ အကို့ဆီက ထွက်မသွားတော့ပါဘူး ...”

“ တကယ်လား ...”

“ အင်း ...”

မိုးပြာမှိုင်းရီ နဲ့  “ ရွှေဘဲ ” မှာ ထမင်းစားနေစဉ် ကျော်ဖေသွင်သည် ငါ အိပ်မက်များ မက်နေတာလား လို့ ထင်မိနေသည် ..။ ဒီလို ထင်နေမိတာကို မိုးပြာမှိုင်းရီကို သူ ပြောပြလိုက်တော့ မိုးပြာမှိုင်းရီ လဲ သူ့လက်မောင်းကို လာဆိတ်ပြီး ..

“ အိပ်မက် မဟုတ်ပါဘူး..အကို ..တကယ် ဖြစ်နေတာ ..”

လို့ ရယ်မောကာ ပြောလိုက်သည် ...။ မိုးပြာမှိုင်းရီသည် ထမင်းစားပြီးသောအခါ သူ နေတဲ့ လိပ်စာ တောင်းသည် ..။ လှသော်မိုး ကိစ္စ သူ့အထက်က တပ်မှူး နဲ့ စကားပော အစီရင်ခံပြီးရင် ဆက်သွယ်မည် ဆိုပြီး သူနဲ့ လူချင်းခွဲလိုက်ကြသည် ..။

ဘာဘဲ ဖြစ်ဖြစ် သူ အရမ်းဝမ်းသာသွားသည် ..။ သူ တအား ချစ်နေမိတဲ့ မိုးပြာမှိုင်းရီ နဲ့ ပြန်ဆုံလိုက်ရလို့ ...။ နေ့ခင်းတုံးက ချစ်လွန်းရတဲ့ မိုးပြာမှိုင်းရီ နဲ့ ဆုံလိုက်ရတာကို ပြန်တွေးဆ မြင်ယောင်မိနေသည် ။

တယောက်ထဲ ဘီယာ ထိုင်သောက်နေရင်း မိုးပြာမှိုင်းရီအကြောင်း စဉ်းစားနေမိတာပါ ..။ မိုးပြာမှိုင်းရီသည် အလုပ်တွေ ပြီးရင် သူ့ဆီ ဆက်သွယ်မည်လို့ ကတိပေးသွားသည် ..။

ဖုန်းကို စားပွဲပေါ်ချထားရင်း မိုးပြာ ဘယ်တော့များ ခေါ်မလဲ စောင့်မိပြန်ပြီ ..။ အလုပ်များတဲ့ ချစ်သူလေးသည် သူ့ကို မဆက်သွယ်နိုင်ဘဲ တိုင်းပြည်သစ္စာဖေါက်တွေ..အကြမ်းဖက်ဝါဒီလူဆိုးကြီးတွေ နဲ့ သူနိုင်ကိုယ်နိုင် ရင်ဆိုင်နေပြန်ပြီလား မသိဘူး ...။

ဘီယာ လေးလုံး နှိပ်ပြီးတဲ့အချိန် အိမ်ရှေ့တံခါး က တင်းတောင်...တင်းတောင် နဲ့ လျှပ်စစ်ခေါင်းလောင်းသံ ကြားလိုက်ရသည် ...။

“ ဟင် ...ဘယ်သူလဲ .....”

လက်ထဲမှာ သေနတ်အဆင်သင့်ကိုင်ထားရင်း တံခါးက ချောင်းကြည့်တဲ့ အပေါက်လေး ကနေ ချောင်းလိုက်သည် ..။ လူတော်တော်များများ ကို ထောင်ထဲ ပို့ခဲ့တဲ့ ..ဘ၀ပျက်စေခဲ့တဲ့ ရဲအမှုထမ်း တယောက်မို့ လူမုန်းများသည် ..။ မုန်းသူ ၀ိုင်းဝိုင်းလည် သူ ဆိုတော့ အမြဲ သတိရှိရသည် မဟုတ်လား ..။

အို . . . . . ။

မိုးပြာမှိုင်းရီ ....။

သူ့တံခါးဝ မှာ မိုးပြာမှိုင်းရီ ရောက်နေသည် ...။ မယုံနိုင်စရာ ...။ ကံဇာတာ တက်ပြီ ထင်သည် ..။ တံခါးဖွင့်လိုက်တော့ မိုးပြာမှိုင်းရီ သည် အပြုံးလေးနဲ့သူ့ကို ကြည့်နေသည် ။

“ အကို ......”

“ မိုးပြာ ....”

“ မိုးပြာ လာပြီလေ ..အကို့ဆီကို ....”

“ ၀မ်းသာလိုက်တာ...မိုးပြာရယ် .....”

မိုးပြာမှိုင်းရီ ရဲ့ လက်ကလေးကို တုန်ရီတဲ့ လက်တွေနဲ့ ဆုပ်ကိုင်လိုက်မိသည် ။

“ မိုးပြာ ...အကို မိုးပြာကို အရမ်းချစ်နေတာ မိုးပြာ သိရဲ့လားဟင် ...”

မိုးပြာမှိုင်းရီသည် ရှက်ပြုံးလေးနဲ့ ခေါင်းလေး ညှိမ့်ပြသည် ။

“ အကို..သိပ်ချစ်တယ် ..မိုးပြာ ...မိုးပြာ အကို့အချစ်ကို လက်ခံနိုင်မလား ..အကို့ကို ပြန်ချစ်မလား ...”

မိုးပြာမှိုင်းရီက ရယ်သည် ..။

“ အကိုရယ်...နောက်တခါ မိုးပြာ ပျောက်သွားမှာ စိုးလို့ တံခါးဝကြီးမှာ ချစ်စကားတွေ ပြောနေတာလား ...”

“ အင်း ...ပြောချင်နေတာ ကြာပြီ ..မိုးပြာ ...”

မိုးပြာမှိုင်းရီ နဲ့ သူ ဘယ်သူက ဘယ်သူ့ကို စဖက်လိုက်ကြသလဲ မသိတော့ ..။ ဖက်သိုင်းကာ နှုတ်ခမ်းချင်း စုတ်နမ်းမိသွားကြသည် ..။ ချစ်မိကြပြီ ဆိုတော့လည်း မခွာချင်တော့ ..။ အနမ်းတွေက ကြာရှည်နေသည် ...။ နှစ်ကိုယ့်တကိုယ် ပူးကပ်နေသည် ..။ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားနေမိသည် ..။

“ ချစ်လိုက်ရတာ မိုးပြာမှိုင်းရီ  ရယ် .  . .”

မိုးပြာမှိုင်းရီရဲ့ နှုတ်ခမ်းဖူးဖူးဖေါင်းဖေါင်းလေးတွေကို ငုံခဲ စုတ်နမ်းလို့ မ၀ဘူး ...။ နမ်း ပြီးရင်း နမ်းရင်း ...။ မိုးပြာမှိုင်းရီရဲ့ တုံ့ပြန်လာတဲ့ အနမ်းတွေက သူ့စိတ်တွေကို တဟုန်ထိုး မြင့်တက်စေသည် ..။

“ မိုးပြာ ...”

“ အကို ...”

“ မိုးပြာ..အကို့ကို ချစ်လားဟင် ...”

“ အင်း ...”

“ ဘာအင်းလဲ ...”

“ ချစ်တယ်..အကို့ကို ချစ်တယ် ....”

“ မိုးပြာ အကို့ကို ထားခဲ့ပြီး မဆက်သွယ်ဘဲ နေအုံးမှာလား ...”

“ အလုပ်တာဝန်အရမို့ပါ..အကိုရယ် ...မိုးပြာ နောက်ကို အကို့ကို ခွဲပြီး ဘယ်ကိုမှ မသွားတော့ပါဘူး ...”
                                                                                 ======ပြီးပါပြီ======

#ပန်းရိုင်း အတွေးပင်လယ်ပြာမှ ကူးယူသည်

#Crd

Comments