" မဆံ့ဘူး ထင်တယ် "



" ရတယ် ညီမ ဖြဲပေးမယ်
အစ်ကိုက ထည့် "

" ညီမဟာ ၂ လုံး စလုံး ဝင်ဆံ့ပါ့ မလား "

" ထည့်ကြည့်ပါ အစ်ကို "

ဗျိ } } } } } } }

ဂွမ်း ~*~*~*~*~*~*

" ဟာ !! သွားပြီ "

" အ ... အ ... သွေးတွေ နာတယ် !!!
နာတယ် !!! "

ကျနော်လဲ လန့်ပြီး ငုံ့ကြည့်လိုက်တော့

" ဘာမှ မဖြစ်ပါဘူး နဲနဲလေးပါ ညီမရယ်
အပေါ်ယံ ပေါက်သွားတာပါ "

" မရဘူး .. အမေ !!! နာတယ် !!!
အီးဟီးဟီး ~~! "

" ဟိတ် ! ဟိတ် ! ငိုမနေနဲ့ နင်ထည့်ခိုင်းလို့ ငါထည့်တာ "

" အစ်ကိုက အရမ်းဆောင့်ထည့်တာကို "

" နင် ခံတာက ပုံမှမလာတာ "

ကျနော်နဲ့ကောင်မလေး စကားများနေတာ ဆိုင်ရှင် ကြားပြီး ရောက်လာတော့...

" ဘယ်လို ..ဖြစ်ကြတာလဲ "

" ဒီမှာဗျာ ကျနော်က မဆံ့ဘူး ပြောတဲ့
ဟာ..သူက ရတယ်ဆိုပြီး ထည့်လိုက်
တာ ကျနော့်ဘီယာပုလင်း ကွဲသွားပြီ "

" ကျမလဲ ခြေမပေါက်သွားပြီရှင့်...
ကြည့်ပါအုံး သွေးတွေ "

ပလပ်စတိစ်အိတ်က ၂ ခြမ်း ပြဲပြီး
ဘီယာပုလင်းတစ်လုံးက ဘေးကိုကျ
တစ်လုံးက ကောင်မလေး ခြေမပေါ်
ကျသွားပြီး ကွဲကုန်တာဗျ....

" ဒီက ညီလေး ...အစ်ကိုကတော့ ညီ
လေးရဲ့ဘီယာဖိုး မလျော်နိုင်ဘူး သူနဲ့ပဲ
ရှင်းပါ..."

ဆိုင်ရှင်ကလဲ ...တာဝန် မယူဘူး ဆို
တော့ကာ .....

" နင် ..လျော်ပေး "

" အစ်ကိုရယ် ..ညီမက နယ်က လာပြီး
သူများဆိုင်မှာ အရောင်းစာရေးလာလုပ်တာပါ...ကျမသာ အစ်ကို့ကို ဘီယာ ၂
ပုလင်းဖိုး လျော်ပေးလိုက်ရင်
ညီမ ဒီလ အိမ်ကို လွဲပေးဖို့ ငွေပြည့်တော့မှာ မဟုတ်ဘူး
အမေကလဲ အသက်ကြီးပြီ ညီမလေးနဲ့
မောင်လေးကလဲ ကျောင်းစရိတ်က ရှိ
သေးတယ်လေ...
အဲ့တာ လျော်ရမယ် ဆိုလဲ လျော်ပေးပါ့
မယ် အစ်ကို "

တောက် !!!!
ပိုက်ဆံ ငါးထောင်တန် ကောက်ရလို့ ဘီယာ လာဝယ်သောက်တာ...
ငါ့ထက် ဆိုးနေတဲ့ လူနဲ့ လာတိုးနေတယ်ကျနော်က လူသားချင်းစာနာတတ်တော့လဲ ..

" အေးပါကွာ ပိုတဲ့ငွေနဲ့ အရက်ပြန်တို့
ဝါဂွမ်းတို့ အနာကပ်တို့ ဝယ်ပြီး အနာ
ကျက်ဆေးသာ ဝယ်သောက်လိုက် "

" မလောက်ဘူး ထင်တယ် အစ်ကို "

ငင့်!!!

" အေး ...... ရော့ ! နောက် ၂ ထောင်
ယူလိုက် ၃ ထောင် ပြန်အမ်း "

ကျနော့ ကိုယ်ပိုင်ငွေ ၅ ထောင်တန် ထပ် ထုတ်ပေး လိုက်တယ်..

" အစ်ကို ညီမက ကိုယ်တိုင် ချက်စား
ရတော့ ...အညော်မိမှာစိုးလို့ ၂ ရက်
၃ ရက်တော့ ချက်စား ဖြစ်မှာ မဟုတ်
ဘူး ..အဲတာ ... "

ဟိုက်စကိုက်...

" !! အကုန်သာ !!! ယူလိုက်ကွာ !! "

ငိုးရယ်..
ကောက်ရတဲ့ ၅ ထောင်နဲ့ ဘီယာသောက်မို့ပါဆို...
အခုတော့...
အမေမသိအောင် ခိုးထားတဲ့ ကိုယ့်အိတ်ထဲက ပိုက်ဆံတောင် ပါသွားသေးတယ်

အားလုံး ကြားကြားသမျှ ...
အမျှ . . .ယူကြ​ပေါ့..

Via -ကျော်စိုးလှိုင်
Crd#

Comments