အပျိုမစစ်လို့
အာဖရိကမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ မင်္ဂလာဆောင်တစ်ခု ကျင်းပနေတယ်။ ရွာရဲ့ ထုံးစံအတိုင်း မင်္ဂလာပွဲ ကျင်းပပြီးတာနဲ့ တစ်ပြိုင်နက် သေနတ်တွေပစ်ဖောက်ပြီး အောင်ပွဲခံကြတယ်၊ မင်္ဂလာ ဇနီးမောင်နှံကို ဂုဏ်ပြုကြတယ်....
အဲဒီရွာမှာက လူတိုင်းမှာ သေနတ်ရှိတယ်။ ကိစ္စ တစ်ခုခုကြောင့် အောင်ပွဲခံတဲ့အခါမျိုး၊ ဂုဏ်ပြုတဲ့အခါမျိုးတွေမှာ သေနတ်တွေ ပစ်ဖောက်ကြတယ်....
မင်္ဂလာဆောင်ပြီး ညဖက်ကျရင်တော့ သေနတ်ပစ်ဖောက်တာကို တားမြစ်ထားတယ်။ ဘယ်သူမှ သေနတ်ပစ်ဖောက်လို့ မရဘူး။ မင်္ဂလာဇနီးမောင်နှံကို အနှောင့်အယှက် ပေးသလို ဖြစ်မှာစိုးလို့....
မင်္ဂလာဦးည အေးအေးဆေးဆေး ကုန်လွန်သွားတယ်.....
ဒုတိယညကျတော့ သေနတ်သံတစ်ချက် ဒိုင်းကနဲ ထွက်လာတယ်။ ရွာသားတွေအားလုံး အထိတ်တလန့် ဖြစ်သွားတယ်။ ဘယ်သူ လက်ကမြင်းပြီး သေနတ်ပစ်ရတာလည်း လိုက်စုံစမ်းကြတယ်။ သေနတ်သံ ထွက်လာတာက မင်္ဂလာဇနီးမောင်နှံ နေတဲ့အိမ်က....
ရွာသားတွေစုပြီး မင်္ဂလာဇနီးမောင်နှံရဲ့အိမ်ကို သွားကြည့်ကြတယ်။ အိမ်ထဲမှာ သတို့သားလက်ထဲမှာက ယမ်းငွေ့တလူလူနဲ့ သေနတ်တစ်လက်၊ သတို့သမီးက အိပ်ယာထဲမှာ သွေးတွေနဲ့ ငြိမ်သက်နေပြီ....
သတို့သားကို ဝိုင်းမေးကြတယ်၊ ဘာကြောင့် ဒီလိုလုပ်ရသလည်း ဆိုတာကို....
သတို့သား ပြန်ဖြေတာက "ဒီကောင်မ အပျိုမစစ်ဘူး" တဲ့....
အဲ့လိုဖြေလိုက်တော့ ရွာသားတွေလည်း သေနေပြီဖြစ်တဲ့ သတို့သမီးကို ဝိုင်းဆဲကြတယ်၊ ရှုံချကြတယ်၊ အပြစ်တင်ကြတယ်....
ရွာသားထဲက တစ်ယောက်က သတို့သားကိုမေးတယ်။ အပျိုမစစ်လို့ သတ်လိုက်တာဆိုရင် မနေ့က ဘာလို့ မသတ်လိုက်တာလည်းပေါ့....
သတို့သား ပြန်ဖြေတာက....
မနေ့ညကတော့ အပျိုစစ်တယ်တဲ့....
😂😂😂
Comments
Post a Comment